|  | 
| ဇေတ၀န်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ဌက်ပစ်တောင်ရပ်ကွက်-အမှတ်(၃)၊ ညောင်ဦးမြို့နယ်။ ဇေတ၀န် ၀ိဟာရ မိတ်ဆက် နိုင်ငံတော် သံဃာနာယကအဖွဲ့ ဥက္ကဋ္ဌ မြင်းခြံဆရာတော် ဘန္ဒ န္တသောဘိတ (အဘိဓဇမဟာဂုရု)ဆရာတော်ကြီးနှင့် တပည့် အရှင် အာဒိစ္စတို့ဦးစီးဦးဆောင်ပြုလျက် တပည့် ဒါယကာ ဒါယကာမတို့၏ မတည်ငွေဖြင့် ၂၀၀၆ ခုနှစ် မှစတင်တည်ထောင်ခဲ့ပါသည်။ကျောင်းဖွင့်စတွင် ဆရာကြီးဦးကျော်ဟိုး၊ဆရာမကြီး ဒေါ်အုန်းကြည်၊ဒေါ်မြမြ၀င်း၊ဒေါ်နွယ်နီအောင်တို့နှင့်အတူ ကျောင်းသား/သူ (၄၆) ဦးနှင့် စတင် ဖွင့်လှစ်ခဲ့ပါသည်။ ယခုအခါ ကျောင်းသား/သူ ဦးရေ တိုးတတ်လျက်ရှိပြီး ပညာရေးမှာလည်း မြင့်တတ်လျက်ရှိပါသည်။ယခု နှစ်တွင် ဆရာ/ဆရာမ ဦးရေ (၈) ယောက်နှင့် ကျောင်းသား/သူ (၃၇၅) ဦးရှိပါသည်။ လိုအပ်သော ကျောင်းသုံးပစ္စည်းနှင့် ၀န်ဆောင် စရိတ်များကို ကျောင်းဒါယကာ /ဒါယကာမများဖြစ်သော ဦးမောင်မောင်ရင်+ဒေါ်လှလှစိန် မိသားစု တို့မှ ပင်မ ထားပြီး ပြည်တွင်း ပြည်ပ အလှူရှင်တို့ မှ ပံ့ပိုး လှူဒါန်းကြပါသည်။ 
ဘ၀နှင့် ဥစ္စာ အသုံးပြုနည်း  
မိမိတို့ ရရှိထားသော လူ့ဘ၀နှင့် စည်းစိမ်ဥစ္စာတို့ကို ဘာအတွက် အသုံးပြုမည်နည်း။ 
- ပညာသင်ပေးခြင်း 
- ပညာသင်ယူခြင်း 
ပညာဖြန့်ဝေရာဌာနများတွင် လိုအပ်ချက်များကို ကူညီထောက်ပံ့ခြင်းဖြင့် အသုံးပြု ကြပါစို့ဟု ဦးဇင်း တိုက်တွန်းပါသည်။ 
ဆက်သွယ်ရန်လိပ်စာ- 
ဘဒ္ဒ န္တအာဒိစ္စ 
(ဓမ္မာစရိယ ၀ိနယ၀ိဒူ) 
အမှတ်(၃) ရပ်ကွက် ၊ငှက်ပစ်တောင်ရပ်၊ 
ညောင်ဦးမြို့၊မြန်မာနိုင်ငံ 
( ph-092043586) 
email: jetawunbe@gmail.com 
 | 
ဇေတ၀န်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း မိတ်ဆက်
Subscribe to:
Comments (Atom)
 
 
No comments:
Post a Comment