Tuesday, October 15, 2013

ကံထူးသူများကယ်တင်ရှင်ပေါ်

အမေရိကန်သူကိတ်က လဘက်ရည်ဆိုင်မှာ အလုပ်လုပ်နေတဲ့ ညာဘက်ကခလေးကို ခေါ်ယူလာပြီး ဇေတ၀န်မှာ ကျောင်းအပ်ပေးခဲ့ပါတယ်။ မိဘတွေစားဝတ်နေရေးအတွက် တလ(၃ သောင်း)ထောက်ပံ့တယ်။ ဘယ်ဘက်က ခလေးကိုတော့ စာသင်ရာမှာ ကုန်ကျစရိတ်တွေ ဘုန်းဘုန်းကို အပ်ခဲ့တယ်တဲ့။ ကဲ ကံထူးသူများ ကယ်တင်ရှင်ပေါ်သွားကြတယ်နော်။

အမေရိကန်သူ မာရီယန်ကိုသိလားလို့မေးရင် အကုန်သိတယ်။ မာရီယန်ရဲ့ မြင့်မြတ်သော နှလုံးသားကို သူတို့အသိအမှတ်ပြုကြတယ်။ ဒီခလေးများရဲ့ချစ်သော မာရီယန်ပါ။ ဒီခလေးများက ချစ်သောမာရီယန်ပါ။

ဇေတ၀န် စက်တင်ဘာပုံရိပ်များ ၂

အသစ်စက်စက် မိဘဂုဏ်ရောင် ဆွမ်းစားဆောင်နှင့် ဆရာတော် ဦးအာဒိစ္စ။
ကျမသွားလည်တဲ့အခါမှာ အင်္ဂလိပ်သီချင်းတပုဒ်နဲ့ ဧည့်ခံကြိုဆိုတဲ့ လလေးများ 
ကျောင်းဆရာဘ၀မှ သံဃာဘ၀သို့ ကူးပြောင်းခဲ့ပြီး တရားလည်းအားထုတ် စာလည်းသင်ကြားနေတဲ့ ဦးဇင်းလေး ဦးဝိစက္ခဏ

ဇေတ၀န်ကျောင်း၏ စက်တင်ဘာလ ပုံရိပ်များ

ဇေတ၀န်ဆ၇ာတော် ဦးအာဒိစ္စမှ ဆရာမ ဒေါ်အုန်းကြည်အား အားချိန်တွင် မြတ်စွာဘုရား၏ နိပတ်တော်များအား ဟောကြားနေစဉ်

အခမဲ့စာသင်ခွင့်ရသည့်အတွက် ကြိုးကြိုးစားစား စာသင်နေကြသော ကျောင်းသူကျောင်းသား သီလရှင်ဆရာလေးများ

ခေတ်နဲ့အညီတပြေးညီလိုက်မည့် သီလရှင်ဆရာလေးများ ကျောင်းဆင်းချိန်

ဇေတ၀န်၏ အခမဲ့ပညာဒါန ပုံရိပ်စစ်များ

ဇေတ၀န်ကျောင်းဆင်းချိန် အိမ်အပြန်သို့

(၄)တန်းခလေးများ အခမဲ့စာသင်ခွင့်ရပြီးပညာဒါနကို ရယူနေကြပြီ

ဆရာမ ဒေါ်အုန်းကြည်နှင့် ကျောင်းသားလေးများ အပူရှိန်ကြောင့် အရိပ်တွင်စာသင်နေစဉ်