ဇေတ၀န်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း မိတ်ဆက်

ဇေတ၀န်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ဌက်ပစ်တောင်ရပ်ကွက်-အမှတ်(၃)၊ ညောင်ဦးမြို့နယ်။

ဇေတ၀န် ၀ိဟာရ မိတ်ဆက်
နိုင်ငံတော် သံဃာနာယကအဖွဲ့ ဥက္ကဋ္ဌ မြင်းခြံဆရာတော်  ဘန္ဒ န္တသောဘိတ (အဘိဓဇမဟာဂုရု)ဆရာတော်ကြီးနှင့် တပည့် အရှင် အာဒိစ္စတို့ဦးစီးဦးဆောင်ပြုလျက် တပည့် ဒါယကာ ဒါယကာမတို့၏ မတည်ငွေဖြင့် ၂၀၀၆ ခုနှစ် မှစတင်တည်ထောင်ခဲ့ပါသည်။ကျောင်းဖွင့်စတွင် ဆရာကြီးဦးကျော်ဟိုး၊ဆရာမကြီး ဒေါ်အုန်းကြည်၊ဒေါ်မြမြ၀င်း၊ဒေါ်နွယ်နီအောင်တို့နှင့်အတူ
ကျောင်းသား/သူ (၄၆) ဦးနှင့် စတင် ဖွင့်လှစ်ခဲ့ပါသည်။
ယခုအခါ ကျောင်းသား/သူ ဦးရေ တိုးတတ်လျက်ရှိပြီး ပညာရေးမှာလည်း မြင့်တတ်လျက်ရှိပါသည်။ယခု နှစ်တွင်
ဆရာ/ဆရာမ ဦးရေ (၈) ယောက်နှင့် ကျောင်းသား/သူ (၃၇၅)
ဦးရှိပါသည်။ လိုအပ်သော ကျောင်းသုံးပစ္စည်းနှင့် ၀န်ဆောင်
စရိတ်များကို ကျောင်းဒါယကာ /ဒါယကာမများဖြစ်သော
ဦးမောင်မောင်ရင်+ဒေါ်လှလှစိန် မိသားစု တို့မှ ပင်မ ထားပြီး
ပြည်တွင်း ပြည်ပ အလှူရှင်တို့ မှ ပံ့ပိုး လှူဒါန်းကြပါသည်။

ဘ၀နှင့် ဥစ္စာ အသုံးပြုနည်း
မိမိတို့ ရရှိထားသော လူ့ဘ၀နှင့် စည်းစိမ်ဥစ္စာတို့ကို ဘာအတွက် အသုံးပြုမည်နည်း။
- ပညာသင်ပေးခြင်း
- ပညာသင်ယူခြင်း
ပညာဖြန့်ဝေရာဌာနများတွင် လိုအပ်ချက်များကို ကူညီထောက်ပံ့ခြင်းဖြင့် အသုံးပြု ကြပါစို့ဟု ဦးဇင်း တိုက်တွန်းပါသည်။
 
 
ဆက်သွယ်ရန်လိပ်စာ-
ဘဒ္ဒ န္တအာဒိစ
(ဓမ္မာစရိယ ၀ိနယ၀ိဒူ)
အမှတ်(၃) ရပ်ကွက် ၊ငှက်ပစ်တောင်ရပ်၊
ညောင်ဦးမြို့၊မြန်မာနိုင်ငံ
( ph-092043586)
 




 

No comments:

Post a Comment