
(၂) ကိုယ်ကျိုးစီးပွားကို အတတ်နိုင်ဆုံးစွန့်ရမည်။
(၃) အပြစ်ပြောခံရမည် (၄) အချီးမွမ်းခံရမည်။
(၅) အတိုက်အခိုက်ပေါမည်။
(၆) အချိန်နှင့် စီးဝင်လာသော ငွေကြေးများကို အချိုးကျအသုံးပြုနိုင်ရမည်။
(၇)မူလရည်ရွယ်ချက်နှင့်ရည်မှန်းချက် မပျက်အောင် ထိန်းသိမ်းရမည်။
(၈) မာန်မာနကြီး၊ စိတ်ကြီးမ၀င်အောင် အမြဲသတိထားရမည်။
(၉) ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်းတို့သည် အလုပ်မရှိသော သူတို့၏ အလုပ်ဖြစ်၏ဟု နှလုံးသွင်းနိုင်ရမည်။
(၁၀) ငါတို့လုပ်နိုင်သော ပရဟိတသည် ခုမှထွင်ပြီး အသစ်လုပ်သည်မဟုတ်။ ရှေးဘုရား အလောင်း သူတော်ကောင်းကြီးတို့လုပ်သော အလုပ်ဖြစ်၏ဟု နှလုံးသွင်းနိုင်ရမည်။
(၁၁) ပရဟိတသည် တစ်သံသရာလုံးမှ ဖုံးကွယ်လာသော အတ္တဟိတကိုနည်းနည်းခြင်း ခွချခြင်းဖြစ်၏ ဟုနှလုံးသွင်းနိုင်ရမည်။
(၁၂) ပရဟိတသည် ပေးဆပ်ခြင်းဖြစ်၏။ ယူသောသူသည် အသိပါခြင်းလည်းပါမည်။ အသိမပါ ရိုင်းစိုင်းသူလည်းဖြစ်ချင်ဖြစ်မည်။ ပေးသလောက် ယူချင်သူလည်း ရှိမည်။ မယူချင့်ယူချင် ယူသူလည်း ရှိမည်။ လုံးဝ မယူသူလည်း ရှိမည်။ ထိုအခြင်းအရာတို့သည် သူ့တာဝန်သာဖြစ်၏။ ကိုယ့်တာဝန်ကတော့ ပေးခြင်းသာ ပဓာနဖြစ်၏ဟု နှလုံးသွင်းနိုင်ရမည်။
ဆရာတော် ဦးအာဒိစ္စ (ဇေတ၀န်
ဘုန်းတော်ကြီးသင်ပညာရေးကျောင်း)
No comments:
Post a Comment